၃ ရာ 18:23Common Language Bibleနွားလားဥသဘနှစ်ကောင်ကိုယူပြီးလျှင် တစ်ကောင်ကိုထိုသူတို့အားပေးကြလော့။ သူတို့သည်ထိုနွားကိုသတ်၍အပိုင်းပိုင်း ခုတ်ပြီးလျှင်ထင်းများအပေါ်တွင်တင်ထား ကြပါစေ။ သို့ရာတွင်မီးမညှိစေကြနှင့်။ ငါသည်အခြားနွားတစ်ကောင်ကိုထိုနည်း တူပြုမည်။- အခန်းကိုကြည့်ပါ။ |
ထို့နောက်ဗာလပရောဖက်တို့သည်မိမိတို့ ဘုရားထံသို့ဆုတောင်းကြစေ။ ငါသည်လည်း ထာဝရဘုရားထံတော်သို့ဆုတောင်းမည်။ ငါတို့အသီးသီးပြုသည့်ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူ၍ မီးကိုချပေးတော် မူသောအရှင်သည်ဘုရားအမှန်ဖြစ်၏'' ဟု ဆိုလေသည်။ လူအပေါင်းတို့သည် ဧလိယ၏ပြောကြား ချက်ကိုသဘောတူကြောင်းဟစ်အော်၍ ဖော်ပြကြ၏။