Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 18:22

Common Language Bible

ထို​အ​ခါ​ဧ​လိ​ယ​က``ထာ​ဝရ​ဘု​ရား​၏ ပ​ရော​ဖက်​များ​အ​နက် ငါ​တစ်​ဦး​တည်း​ကျန် ရှိ​နေ​၏။ ဗာ​လ​ပ​ရော​ဖက်​များ​မူ​ကား​လေး ရာ​ငါး​ဆယ်​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နွား​လား​ဥ​သ​ဘ​နှစ်​ကောင်​ကို​ယူ​ပြီး​လျှင် တစ်​ကောင်​ကို​ထို​သူ​တို့​အား​ပေး​ကြ​လော့။ သူ​တို့​သည်​ထို​နွား​ကို​သတ်​၍​အ​ပိုင်း​ပိုင်း ခုတ်​ပြီး​လျှင်​ထင်း​များ​အ​ပေါ်​တွင်​တင်​ထား ကြ​ပါ​စေ။ သို့​ရာ​တွင်​မီး​မ​ညှိ​စေ​ကြ​နှင့်။ ငါ​သည်​အ​ခြား​နွား​တစ်​ကောင်​ကို​ထို​နည်း တူ​ပြု​မည်။-

ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့်​ပြု​ထား သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ​ကိုယ်​တော်​၏ ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း သာ​မ​သေ​ဘဲ​ကျန်​ရှိ​သော​အ​ကျွန်ုပ်​၏​အ​သက် အန္တ​ရာယ်​ကို​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​ပါ​၏'' ဟု လျှောက်​၏။

ဧ​လိ​ယ​က``အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​တစ်​ပါး​တည်း ကို​သာ​လျှင် အ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။ ဣ​သ​ရေ​လ​ပြည်​သူ​တို့​မူ​ကား​ကိုယ်​တော်​နှင့် ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ကိုယ်​တော်​၏​ပ​ရော​ဖက်​တို့​ကို​သတ်​ကြ​ပါ​၏။ တစ်​ဦး​တည်း​သာ​လျှင်​မ​သေ​ဘဲ ကျန်​ရှိ​သော အ​ကျွန်ုပ်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​နေ ကြ​ပါ​၏'' ဟု​လျှောက်​၏။

ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​တစ်​ပါး​သည် အာ​ဟပ်​မင်း​ထံ​သို့​သွား​၍``ထာ​ဝ​ရ​ဘု​ရား က​သင့်​အား`ထို​ကြီး​မား​သည့်​စစ်​သည်​အ​လုံး အ​ရင်း​ကို​မြင်​၍​မ​ကြောက်​နှင့်။ ယ​နေ့​သင့် အား​ထို​တပ်​မ​တော်​ကြီး​ကို​ဖြို​ခွင်း​ခွင့်​ငါ ပေး​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။

ထို့​နောက်​သူ​တို့​သည်​ခါး​တွင်​လျှော်​တေ​စည်း​၍ လည်​တွင်​ကြိုး​များ​ပတ်​ပြီး​လျှင် အာ​ဟပ်​မင်း ထံ​သို့​သွား​ရောက်​ကာ``အ​ရှင်​၏​အ​စေ​ခံ​ဗင်္ဟာ ဒဒ်​က​သူ​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ရန်​ပန်​ကြား​လိုက်​ပါ​သည်'' ဟု​လျှောက် ထား​ကြ​၏။ အာ​ဟပ်​က``ငါ့​နောင်​တော်​အ​သက်​ရှင်​သေး သ​လော'' ဟု​ဆို​၏။

ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​ရ​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​အား``ငါ့ ကို​ရိုက်​လော့'' ဟု​ဆို​၏။ သို့​သော်​လည်း​ပ​ရော​ဖက် က​ငြင်း​ဆန်​သ​ဖြင့်၊-

ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-

ထို​လျှောက်​ထား​ချက်​တွင်​ဧ​လိ​ယ​က``ထာ​ဝ​ရ ဘု​ရား​ရှင်၊ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ရော ဖက်​များ​ကို​သတ်​ဖြတ်​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တစ်​ဦး​တည်း​သာ​ကျန်​ပါ​၏။ အ​ကျွန်ုပ်​ကို​လည်း သူ​တို့​သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ