၃ ရာ 18:17Common Language Bibleဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-