ထို့ကြောင့်သြဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်ထားရာ အာဟပ်သည်ဧလိယနှင့်တွေ့ဆုံ ရန်ကြွလာတော်မူ၏။-
ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။
ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
သို့ရာတွင်သင့်အားငါထာဝရဘုရား ကွယ်ကာစောင့်ထိန်းတော်မူမည်ဖြစ်၍ သင် သည်မိမိကြောက်လန့်သည့်လူတို့၏လက် တွင်းသို့ကျရောက်ရလိမ့်မည်မဟုတ်။-