Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 16:16

Common Language Bible

သူ​တို့​သည်​မင်း​ကြီး​အား​ဇိ​မ​ရိ​လျှို့​ဝှက် လုပ်​ကြံ​သည့်​သ​တင်း​ကို​ကြား​သော​အ​ခါ ချက်​ချင်း​ထို​အ​ရပ်​၌​ပင်​မိ​မိ​တို့​၏​ဗိုလ်​ချုပ် သြ​မ​ရိ​ကို​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​မင်း မြှောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

နာ​ဒဒ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည်​ဖိ​လိတ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​စဉ် ယု​ဒ​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင် ဣ​သ​ခါ​သား​ချင်း​စု ဝင်​အ​ဟိ​ယ​၏​သား​ဗာ​ရှာ​သည် နာ​ဒဒ်​ကို​လျှို့​ဝှက် ကြံ​စည်​ကာ​လုပ်​ကြံ​လိုက်​လေ​သည်။ သို့​ဖြစ်​၍ ဗာ​ရှာ​သည်​နာ​ဒဒ်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-

ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​၌ ဇိ​မ​ရိ​သည်​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ဖြင့်​တိ​ရ​ဇ​မြို့​တွင်​ခု​နစ်​ရက်​မျှ နန်း​စံ​ရ​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​စစ် သည်​တော်​တို့​သည် ဖိ​လိတ္တိ​ပြည်​ဂိ​ဗေ​သုန် မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-

သြ​မ​ရိ​နှင့်​သူ​၏​စစ်​သူ​ရဲ​တို့​သည်​ဂိ​ဗေ​သုန် မြို့​မှ​ထွက်​ခွာ​၍ တိ​ရ​ဇ​မြို့​သို့​သွား​ရောက်​ဝိုင်း ရံ​ထား​ကြ​၏။-

သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဘု​ရင် အ​ပေါင်း​တို့​ထက် ပို​မို​ဆိုး​ရွား​စွာ​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​လေ​သည်။-

သူ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ်​မျှ​အုပ် စိုး​ရ​၏။ သူ​၏​မယ်​တော်​မှာ​ဣသ​ရေ​လ​ဘု​ရင် သြ​မ​ရိ​၏​မြေး​အာ​သ​လိ​ဖြစ်​၏။-

အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။-

သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ