၃ ရာ 16:15Common Language Bibleယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခုနစ် နှစ်မြောက်၌ ဇိမရိသည်ဣသရေလဘုရင် အဖြစ်ဖြင့်တိရဇမြို့တွင်ခုနစ်ရက်မျှ နန်းစံရ၏။ ထိုအခါ၌ဣသရေလစစ် သည်တော်တို့သည် ဖိလိတ္တိပြည်ဂိဗေသုန် မြို့ကိုဝိုင်းရံထားကြ၏။- အခန်းကိုကြည့်ပါ။ |
နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-