Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 15:29

Common Language Bible

ထို့​နောက်​ချက်​ချင်း​ပင်​ဗာ​ရှာ​သည်​ယေ​ရော​ဗောင် ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​လေ​သည်။ ရှိ​လော​မြို့​နေ​ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​အ​သတ်​ခံ​ရ​ကြ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။

ဇိ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လျှင်​ဖြစ်​ချင်း ဗာ​ရှာ ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​ပြီး နောက် ဗာ​ရှာ​၏​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ အ​နက်​ယောကျာ်း​မှန်​သ​မျှ​ကို​လည်း​သတ် လေ​သည်။-

ငါ​သည်​ယေ​ရော​ဗောင်​အား​ပြု​သ​ကဲ့​သို့ သင် နှင့်​သင့်​အိမ်​ထောင်​စု​သား​များ​အား​သုတ် သင်​ပယ်​ရှင်း​ပစ်​မည်။-

ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။

သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'-

သို့​ရာ​တွင်​ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ပ​ညတ်​တ​ရား​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း မဲ့​မ​လိုက်​လျှောက်​ဘဲ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန် လမ်း​ပြ သူ​ယေ​ရော​ဗောင်​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။

``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ