၃ ရာ 15:27Common Language Bibleနာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။
ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
ထိုနောက်ယေဟုသည်ယောရံမင်းအားလုပ် ကြံရန် လျှို့ဝှက်ကြံစည်လေသည်။ ထိုအခါ မင်းကြီးသည် ရှုရိဘုရင်ဟာဇေလနှင့်ရာ မုတ်မြို့တွင်တိုက်ပွဲဖြစ်ရာမှ ရရှိခဲ့သည့် ဒဏ်ရာများကိုကုသရန်ယေဇရေလမြို့ သို့သွားနှင့်ပြီ။ သို့ဖြစ်၍ယေဟုကမိမိ ၏အဖော်တပ်မှူးတို့အား``သင်တို့သည်ငါ ၏ဘက်တော်သားများဖြစ်ပါလျှင် ယေဇ ရေလမြို့သားတို့အားကြိုတင်သတိပေး ရန်မည်သူတစ်စုံတစ်ယောက်မျှရာမုတ်မြို့ မှမထွက်ပါစေနှင့်'' ဟုဆို၏။-
သူသည်ပြင်းစွာဒဏ်ရာရလျက်ကျန်ရစ်ခဲ့၏။ ရန်သူများဆုတ်ခွာသွားသောအခါအမတ် နှစ်ယောက်သည်ယဇ်ပုရောဟိတ်ယောယဒ၏ သားကိုသတ်သည့်အတွက် လက်စားချေသည့် အနေဖြင့်လျှို့ဝှက်ကြံစည်ကာသူ့အား သလွန်ပေါ်တွင်လုပ်ကြံကြ၏။ သူ၏ အလောင်းကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ သော်လည်းဘုရင်တို့၏သင်္ချိုင်းတော်၌ မသင်္ဂြိုဟ်ကြချေ။-