၃ ရာ 14:6Common Language Bibleသို့ရာတွင်အဟိယသည်တံခါးဝမှသူ၏ ခြေသံကိုကြားသည်နှင့်``ဝင်ခဲ့လော့။ သင်သည် ယေရောဗောင်၏မိဖုရားဖြစ်ကြောင်းကိုငါ သိ၏။ အဘယ်ကြောင့်သင်သည် မိမိကိုယ်ကို အခြားသူ၏အယောင်ကိုဆောင်သနည်း။ သင်၏အတွက်ငါ့မှာသတင်းဆိုးရှိ၏။- အခန်းကိုကြည့်ပါ။ |
ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။
အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-