Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 14:5

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရော​ဗောင်​၏​မိ​ဖု​ရား သည် ဖျား​နာ​နေ​သော​သား​အ​ကြောင်း​ကို​မေး မြန်း​စုံ​စမ်း​ရန်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ့ အား​ဤ​အ​တိုင်း​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။ ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည်​အ​ဟိ​ယ​ထံ​သို့ ရောက်​ရှိ​လာ​သော​အ​ခါ မိ​မိ​ကိုယ်​ကို​အ​ခြား သူ​၏​အ​ယောင်​ကို​ဆောင်​၍​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-

သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။-

သို့​ရာ​တွင်​ဧ​လိ​ရှဲ​ထံ​သို့​ရောက်​သော​အ​ခါ​ဦး ညွှတ်​ပျပ်​ဝပ်​ပြီး​လျှင် ဧ​လိ​ရှဲ​၏​ခြေ​ကို​ဖက်​၏။ ဂေ​ဟာ​ဇိ​သည်​အ​မျိုး​သ​မီး​အား​တွန်း​ဖယ်​မည် ပြု​သော​အ​ခါ ဧ​လိ​ရှဲ​က``သူ့​အား​ရှိ​စေ​တော့။ သူ​သည်​အ​လွန်​စိတ်​ဆင်း​ရဲ​လျက်​နေ​သည်​ကို မ​မြင်​သ​လော။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ထာ​ဝရ ဘု​ရား​သည်​ငါ့​အား​ဖော်​ပြ​တော်​မ​မူ​ခဲ့'' ဟု ဆို​၏။

ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။

အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ