Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 14:31

Common Language Bible

ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ (သူ​၏​မိ​ခင် မှာ​အမ္မုန်​ပြည်​သူ​နေ​မ​ဖြစ်​၏။) သူ​၏​သား​တော် အ​ဘိ​ယ​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။-

သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။

ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​တွင်​နန်း​တက်​၍၊-

ကွယ်​လွန်​သော်​သူ့​ကို​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​ယေ​ဟော​ရှ​ဖတ် သည်​ခ​မည်း​တော်​၏​အရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။-

ဒါ​ဝိဒ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု​ရှ​လင် မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။-

ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော် ယ​ဟော​ရံ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

အ​ဖ​အ​မည်​နှင့်​သား​အ​မည်​မျိုး​ရိုး​စဉ်​ဆက်​မှာ ရှော​လ​မုန်၊ ရော​ဗောင်၊ အ​ဘိ​ယ၊ အာ​သံ၊ ယော​ရှ​ဖတ်၊ ယော​ရံ၊ အာ​ခ​ဇိ၊ ယော​ရှ၊ အာ​မ​ဇိ၊ သြ​ဇိ၊ ယော​သံ၊ အာ​ခတ်၊ ဟေ​ဇ​ကိ၊ မ​နာ​ရှေ၊ အာ​မုန်၊ ယော​ရှိ​တည်း။-

ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​တော်​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

ရှော​လ​မုန်​၏​သား​သည်​ရော​ဗောင်၊ ရော​ဗောင်​၏​သား မှာ​အ​ဘိ​ယ၊ အ​ဘိ​ယ​၏​သား​ကား​အာ​သ​ဖြစ်​၏။-

``အမ္မုန်​အမျိုး​သား၊ မော​ဘ​အ​မျိုး​သား​နှင့် သူ​တို့​၏​အ​ဆက်​အ​နွယ်​ဆယ်​ဆက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​စာ​ရင်း တွင်​မ​ပါ​ဝင်​စေ​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ