Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 14:30

Common Language Bible

ရော​ဗောင်​နှင့်​ယေ​ရော​ဗောင်​တို့​သည်​အ​ဆက် မ​ပြတ်​စစ်​ဖြစ်​လျက်​နေ​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​မင်း​ဆက်​ကို​ထောက်​ခံ​သူ​များ​နှင့် ဒါ​ဝိဒ် ကို​ထောက်​ခံ​သူ​များ​သည် ကာ​လ​ကြာ​မြင့်​စွာ ဆက်​လက်​၍​စစ်​ဖြစ်​ပွား​လျက်​နေ​၏။ ဒါ​ဝိဒ်​သည် တ​ဖြည်း​ဖြည်း​အင်​အား​တိုး​တက်​လာ​၍​သူ​၏ ရန်​သူ​တို့​မူ​ကား​အင်​အား​ဆုတ်​ယုတ်​လာ​လေ သည်။

ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​ကို​ပြန် လည်​သိမ်း​ပိုက်​ရန်​ကြံ​စည်​လျက် ယု​ဒ​နှင့်​ဗင်္ယာ မိန်​အ​နွယ်​များ​မှ​လက်​ရွေး​စင်​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ကို​စု​ရုံး​စေ​တော်​မူ​၏။

``သင်​တို့​သည်​သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ် ကြ​သော​ဣ​သ​ရေ​လ​ပြည်​သူ​တို့​ကို​မ​တိုက် မ​ခိုက်​ကြ​နှင့်။ ယ​ခု​ဖြစ်​ပျက်​ခဲ့​သော​အ​မှု သည်​ငါ​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​သ​ဖြင့် သင်​တို့​အား​လုံး​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ လော့'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​စေ​တော်​မူ​၏။ သူ​တို့​အား​လုံး​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျက်​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​သွား ကြ​၏။

ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက်​လုံး​၌​စစ် ဖြစ်​လျက်​နေ​ကြ​လေ​သည်။-

ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ