ပရောဖက်အိုကြီးသည်ထိုအလောင်းကိုယူ၍ မြည်းပေါ်သို့တင်ပြီးလျှင် ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြရန်နှင့်သင်္ဂြိုဟ်ရန် ဗေသလမြို့သို့ယူဆောင်လာ၏။-
ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။-
သူသည်ထိုအလောင်းကိုမိမိ၏အိမ်ထောင်စု သင်္ချိုင်းတွင်သင်္ဂြိုဟ်ပြီးနောက် မိမိ၏သားများ နှင့်အတူ``အို ငါ့ညီ၊ ငါ့ညီ'' ဟုဆို၍ငိုကြွေး မြည်းတမ်းလေသည်။-
ယောရှိက``ထိုသင်္ချိုင်းကိုရှိမြဲရှိစေလော့။ သူ၏အရိုးတို့ကိုမရွှေ့မပြောင်းကြနှင့်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍သူ၏အရိုးတို့ကိုလည်းကောင်း၊ ရှမာရိ မြို့မှလာသောပရောဖက်၏အရိုးတို့ကိုလည်း ကောင်းမရွှေ့မပြောင်းဘဲထားကြ၏။
ယောဟန်၏တပည့်တို့သည်ဤသတင်းကို ကြားသောအခါ လာ၍ယောဟန်၏အလောင်း ကိုယူပြီးလျှင်ဂူသွင်းထားကြ၏။