Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 13:28

Common Language Bible

ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-

ပ​ရော​ဖက်​အို​ကြီး​သည်​ထို​အလောင်း​ကို​ယူ​၍ မြည်း​ပေါ်​သို့​တင်​ပြီး​လျှင် ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြ​ရန်​နှင့်​သင်္ဂြိုဟ်​ရန် ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​လာ​၏။-

သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။

သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။-

တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။

မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။-

ထို့​ကြောင့်​ချက်​ချင်း​ပင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​မှ သူ​တို့​အ​ပေါ်​သို့​လောင်​မီး​ကျ ၍​သူ​တို့​သည်​ရှေ့​တော်​တွင်​သေ​ဆုံး​ကြ​၏။-

ထို​အ​ခါ​သူ​တို့​သည်​မော​ရှေ​မိန့်​မှာ​သည့်​အ​တိုင်း အ​လောင်း​များ​ကို​လက်​ဖြင့်​မ​ထိ​ကိုင်​မိ​စေ​ရန် အ​ဝတ်​အင်္ကျီ​များ​မှ​ဆွဲ​၍​စ​ခန်း​အ​ပြင်​သို့ ထုတ်​ဆောင်​သွား​ကြ​လေ​သည်။

ထို​အ​ခါ​ရုတ်​တ​ရက်​မြေ​င​လျင်​ပြင်း​စွာ​လှုပ် သ​ဖြင့် အ​ကျဉ်း​ထောင်​၏​အုတ်​မြစ်​သည်​လှုပ်​ရှား သွား​၏။ ထောင်​တံ​ခါး​ရှိ​သ​မျှ​သည်​ချက်​ချင်း ပင်​ပွင့်​ထွက်​သွား​ကုန်​၏။ အ​ကျဉ်း​သား​အ​ပေါင်း တို့​သည် သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက် ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ