သို့ရာတွင်ငါသည်သင့်ခမည်းတော်ဒါဝိဒ်၏ မျက်နှာကိုထောက်၍ သင်၏လက်ထက်၌ဤ အမှုကိုမပြုဘဲသင်၏သားလက်ထက် ရောက်မှပြုမည်။-
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
``သင်သည်ငါနှင့်ပြုထားသည့်ပဋိညာဉ်ကို ချိုးဖောက်လျက် ငါ၏အမိန့်တော်ကိုလွန်ဆန် သည်ဖြစ်၍ ငါသည်နိုင်ငံတော်ကိုသင့်လက်မှ မုချရုပ်သိမ်းပြီးလျှင် သင်၏မှူးမတ်တစ်ဦး အားပေးအပ်မည်။-
သို့သော်လည်းငါသည်ငါ့အစေခံဒါဝိဒ်၏ မျက်နှာကိုထောက်၍လည်းကောင်း၊ ငါ၏မြို့တော် အဖြစ်ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့ ကိုထောက်ထား၍လည်းကောင်း သူ၏ထံမှတစ် နိုင်ငံလုံးကိုမရုပ်သိမ်း။ သူ၏အတွက်တစ်နွယ် ကိုချန်ထားမည်'' ဟုရှောလမုန်အားဗျာဒိတ် ပေးတော်မူ၏။
ယေရောဗောင်အား``သင့်အတွက်ဝတ်လုံစ ဆယ်ခုကိုယူလော့။ ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကသင့် အား`ငါသည်ရှောလမုန်ထံမှနိုင်ငံတော်ကို ရုပ်သိမ်း၍ ဣသရေလတို့၏နယ်မြေဆယ်ခု ကိုပေးမည်။-
ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။-
သို့ရာတွင်ငါသည်သူ၏ထံမှတစ်နိုင်ငံလုံး ကိုရုပ်သိမ်းဦးမည်မဟုတ်။ ငါရွေးချယ်ခန့်ထား ၍ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုနာခံသူ၊ ငါ၏အစေခံဒါဝိဒ်၏မျက်နှာ ကိုထောက်၍ ငါသည်ရှောလမုန်အားတစ်သက် လုံးထိုနိုင်ငံကိုအုပ်စိုးစေမည်။-
သူ၏သားလက်ထက်ရောက်မှထိုနိုင်ငံကို ရုပ်သိမ်း၍ ဣသရေလဆယ်နွယ်ကိုသင့်အား ငါပေးမည်။-
``ငါ၏ရှေ့မှောက်တွင်အဘယ်မျှအာဟပ်နှိမ့်ချ လျက်နေသည်ကိုသင်မြင်သလော။ ဤသို့နှိမ့်ချ သည့်အတွက်ငါသည်သူ၏လက်ထက်၌ဘေးဒဏ် သင့်စေမည်မဟုတ်။ သူ၏သားလက်ထက်သူ၏ အိမ်ထောင်စုအပေါ်တွင်သင့်စေမည်'' ဟုမိန့် တော်မူ၏။
ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
ဟေဇကိမင်းသည်မိမိ၏လက်ထက်၌ ငြိမ်း ချမ်းသာယာမှုနှင့်ဘေးမဲ့လုံခြုံမှုရှိလိမ့် မည်ဟု အနက်အဋ္ဌိပ္ပါယ်ကောက်ယူကာ``ငါ့အား ဆင့်ဆိုသည့်ထာဝရဘုရားထံမှဗျာဒိတ် တော်သည်ကောင်းပေ၏'' ဟုဆို၏။
သို့သော်လည်းထာဝရဘုရားသည် ဒါဝိဒ်အား``သင် ၏သားမြေးတို့ကိုထာဝစဉ်အုပ်စိုးစေမည်'' ဟု ပြုခဲ့သည့်ကတိတော်ကိုထောက်၍ ယုဒပြည် ကိုဖျက်ဆီးရန်အလိုတော်မရှိချေ။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-