Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 11:11

Common Language Bible

``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-

ရှော​လ​မုန်​အား​ပုန်​ကန်​သူ​အ​ခြား​လူ​တစ်​ယောက် မှာ ဧ​ဖ​ရိမ်​ပြည်၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ဖြစ်​သည်။ သူ​သည်​ရှော​လ​မုန်​၏ နန်း​တွင်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​၍ သူ​၏​မိ​ခင်​မှာ ဇေရွာ​နာ​မည်​ရှိ​သော​မု​ဆိုး​မ​ဖြစ်​၏။-

တစ်​နေ့​သ၌​ယေ​ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့ မှ​ခ​ရီး​ပြု​ရန်​ထွက်​ခွာ​လာ​စဉ် လမ်း​ပေါ်​၌​သူ နှင့်​ရှိ​လော​မြို့​သား​ပ​ရော​ဖက်​အ​ဟိ​ယ​တို့ နှစ်​ဦး​တည်း​တွေ့​ဆုံ​မိ​ကြ​လေ​သည်။-

ယေ​ရော​ဗောင်​အား``သင့်​အ​တွက်​ဝတ်​လုံ​စ ဆယ်​ခု​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ငါ​သည်​ရှော​လ​မုန်​ထံ​မှ​နိုင်​ငံ​တော်​ကို ရုပ်​သိမ်း​၍ ဣသ​ရေ​လ​တို့​၏​နယ်​မြေ​ဆယ်​ခု ကို​ပေး​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် မှ​ယေ​ရော​ဗောင်​ပြန်​လည်​ရောက်​ရှိ​လာ​သည့် သ​တင်း​ကို​ကြား​သော​အ​ခါ သူ့​အား​လူ​ထု အ​စည်း​အ​ဝေး​သို့​ဖိတ်​ခေါ်​ကာ ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​ကုန်​၏။ ယု​ဒ အ​နွယ်​သာ​လျှင်​ဒါ​ဝိဒ်​၏​သား​မြေး​တို့ အ​ပေါ်​တွင်​သစ္စာ​စောင့်​ကြ​လေ​သည်။

သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-

ဣ​သ​ရေ​လ​ပြည်​ကို​ယု​ဒ​ပြည်​မှ​ထာ​ဝရ ဘု​ရား​ခွဲ​ထုတ်​တော်​မူ​လိုက်​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ကို​မင်း​မြှောက်​ကြ​၏။ သူ​တို့​အား ယေ​ရော​ဗောင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​စေ ရန်​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​စေ​ရန် လည်း​ကောင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​၏။-

သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​ကို​လိုက်​နာ​ရန် ငြင်း​ဆန်​ကြ​၏။

သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။-

ငါ့​ကို​ဆန့်​ကျင်​ဘက်​ပြု​သော​ဆိုး​သွမ်း​သည့် သင်​တို့​အ​ပေါင်း​ကို ငါ​သည်​မု​ချ​ဒဏ်​ခတ်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​တော​ကန္တာ​ရ​တွင်​သေ ကြေ​ပျက်​စီး​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ