၂ ရာချုပ် 35:7Common Language Bibleယောရှိမင်းသည်ပသခါပွဲတော်တွင်ပြည် သူတို့အသုံးပြုရန်အတွက် မိမိပိုင်သိုး ကြီးသိုးငယ်နှင့် ဆိတ်ငယ်ကောင်ရေသုံး သောင်း၊ နွားကောင်ရေသုံးထောင်ပေးလှူ တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ဟေဇကိမင်းသည်လူတို့စားရန်အတွက် နွား ကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေခုနစ်ထောင် ကိုပေးလှူတော်မူ၏။ မှူးမတ်များကလည်း နွားကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေတစ် သောင်းကိုပေးလှူကြလေသည်။ ယဇ်ပုရော ဟိတ်အမြောက်အမြားပင်ဘာသာရေး ထုံးနည်းအရသန့်စင်မှုကိုပြုကြကုန်၏။-
သင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။
သူ၏မှူးမတ်များကလည်းပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အသုံးပြုရန်အတွက်ပေးလှူကြလေ သည်။ ဗိမာန်တော်မှူးများဖြစ်ကြသောယဇ် ပုရောဟိတ်မင်းဟိလခိ၊ ဇာခရိနှင့်ယေ ဟေလတို့သည်ယဇ်ပုရောဟိတ်တို့အား သိုးငယ်ဆိတ်ငယ်ကောင်ရေနှစ်သောင်းခြောက် ထောင်နှင့်နွားကောင်ရေသုံးရာကိုပွဲတော် အတွင်းယဇ်ပူဇော်ရန်ပေးလှူကြ၏။-
လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။