၂ ရာချုပ် 35:6Common Language Bibleသင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။ ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။
လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။