၂ ရာချုပ် 21:2Common Language Bibleယုဒဘုရင်ယောရှဖတ်၏သားတော်ယဟောရံ တွင်အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိဟု၊ မိက္ခေလ၊ ရှေဖတိဟူသောညီခြောက်ယောက် ရှိ၏။- အခန်းကိုကြည့်ပါ။ |
သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်များအားယုဒပြည်အမြို့မြို့သို့စေလွှတ် ၍ ဗိမာန်တော်ကိုနှစ်စဉ်မွမ်းမံပြင်ဆင်ရန် အတွက်ပြည်သူအပေါင်းတို့ထံမှ ငွေအလုံ အလောက်ကောက်ခံစေတော်မူ၏။ မင်းကြီး သည်ဤအမှုကိုဆောလျင်စွာဆောင်ရွက် ရန်အမိန့်ပေးခဲ့သော်လည်း လေဝိအနွယ် ဝင်တို့သည်ဖင့်နွဲလျက်နေကြ၏။-
သူသည်မိမိအားနှိမ်နင်းခဲ့သည့်အာရှုရိ အမျိုးသားတို့၏ဘုရားများကိုယဇ်ပူဇော် လေ၏။ သူက``အာရှုရိဘုရားတို့သည် အာရှုရိဘုရင်များကိုကူမကြ၏။ သို့ ဖြစ်၍သူတို့အားငါယဇ်ပူဇော်ပါက သူတို့သည် ငါ့ကိုလည်းကူမကောင်းကူမ ကြလိမ့်မည်'' ဟုဆို၏။ သို့ရာတွင်ထိုအမှု တို့သည် သူနှင့်သူ၏ပြည်သူတို့အပေါ် သို့ဘေးအန္တရာယ်ဆိုက်ရောက်စေလေသည်။-
မနာရှေဆောင်ရွက်ခဲ့သောအခြားအမှု အရာရှိသမျှကိုလည်းကောင်း၊ ဘုရားသခင် ထံတော်သို့တင်လျှောက်သည့်ဆုတောင်းပတ္ထ နာနှင့် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် ပရောဖက်တို့သူ့အားပြန်ကြားသောဗျာ ဒိတ်စကားများကိုလည်းကောင်းဣသရေလ ရာဇဝင်တွင်ရေးထား၏။-
ပရောဖက်ရှမွေလလက်ထက်မှအစပြု၍ အဘယ်အခါ၌မျှပသခါပွဲတော်ကို ဤကဲ့ သို့ကျင်းပခဲ့ဘူးသည်မရှိ။ ယောရှိမင်းနန်းစံ တစ်ဆယ့်ရှစ်နှစ်မြောက်၌ယောရှိမင်းနှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ယုဒပြည်သူများ၊ ဣသရေလပြည်သူများ နှင့်ယေရုရှလင်မြို့သူမြို့သားများ ကျင်းပ ကြသည့်ပသခါပွဲတော်မျိုးကိုအခြား အဘယ်ဘုရင်မျှမကျင်းပခဲ့ဘူးချေ။