ယောရှဖတ်ကွယ်လွန်သောအခါဒါဝိဒ်မြို့ရှိ ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သား တော်ယဟောရံသည်ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။
ယောရှဖတ်ကွယ်လွန်သောအခါ သူ့ကိုယေရု ရှလင်မြို့တွင်သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော် ယဟောရံသည် ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့တော်ရှိဘုရင်များ၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အဘိယသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
သို့ရာတွင်မရေရှမြို့နေဒေါဒဝ၏သား ဧလျေဇကယောရှဖတ်အား``အရှင်သည် အာခဇိနှင့်မဟာမိတ်ဖွဲ့သဖြင့် ထာဝရ ဘုရားသည်အရင်ဆောက်လုပ်ထားသည့် သင်္ဘောများကိုဖျက်ဆီးတော်မူလိမ့်မည်'' ဟုဆိုသည့်အတိုင်းထိုသင်္ဘောတို့သည် ပျက်၍တာရှုမြို့သို့မသွားရချေ။
သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။
သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။