Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 20:22

Common Language Bible

သူ​တို့​စ​၍​သီ​ချင်း​ဆို​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ချင်း​နင်း​ဝင်​ရောက်​လာ​သော​တပ် တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​သည့် အ​ခါ​တိုင်း​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။

ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​တပ်​မ​တော် သည် ယု​ဒ​တပ်​မ​တော်​ကို​မျက်​နှာ​မူ​လျက်​တပ် စွဲ​နေ​စဉ် ယေ​ရော​ဗောင်​သည်​အ​ချို့​တပ်​သား များ​ကို ယု​ဒ​တပ်​မ​တော်​အ​နောက်​မှ​နေ​၍ ပုန်း​ကွယ်​တိုက်​ခိုက်​ရန်​စေ​လွှတ်​တော်​မူ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-

``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။-

ယ​ဟော​ရံ​၏​လက်​ထက်​၌​ဧ​ဒုံ​ပြည်​သည် ပုန်​ကန်​၍ လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ​လေ သည်။ ယ​ဟော​ရံ​နှင့်​သူ​၏​တပ်​မှူး​တို့​သည် စစ်​ရ​ထား​များ​နှင့်​ထွက်​ခွာ​၍ ဧ​ဒုံ​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကြ​၏။ သူ​တို့​သည်​ထို အ​ရပ်​တွင်​ဧ​ဒုံ​တပ်​မ​တော်​၏​အ​ဝိုင်း​ခံ ရ​ကြ​သော်​လည်း​ညဥ့်​အ​ခါ​ချိုး​ဖောက် ထွက်​ပြေး​ကြ​လေ​သည်။-

သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ ဖျက်​ဆီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏​အ​ပေါ် သို့ လွှမ်း​မိုး​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ်​ပြည်​တွင် ပြည်​တွင်း​စစ်​ဖြစ်​စေ​ရန်​လှုံ့​ဆော်​၍​ညီ​အစ်​ကို အ​ချင်း​ချင်း၊ အိမ်​နီး​ချင်း​အ​ချင်း​ချင်း​ခိုက် ရန်​ဖြစ်​ပွား​စေ​မည်။ ဂုဏ်​ပြိုင်​ဘက်​မြို့​များ​သည် လည်း​ကောင်း၊ ဂုဏ်​ပြိုင်​ဘက်​မင်း​တို့​သည်​လည်း ကောင်း၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကာ​အာ​ဏာ လု​ကြ​လိမ့်​မည်။-

ငါ​၏​တောင်​ပေါ်​တွင်​ငါ​သည်​ဂေါ​ဂ​အား​ဋ္ဌား အား​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ် ၏။ သူ​၏​လူ​တို့​သည်​အ​ချင်း​ချင်း​သတ်​ဖြတ် ကြ​လိမ့်​မည်။-

မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။-

ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။

ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​ရှိ​ရှော​လု​၏​ကင်း​သ​မား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စဥ့်​က​ရဲ ထွက်​ပြေး​ကြ​သည်​ကို​မြင်​ကြ​၏။-

ထို​နောက်​သူ​နှင့်​သူ​၏​တပ်​သား​များ​သည် ရှုပ်​ထွေး​နေ​သည့်​အ​ခြေ​အ​နေ​တွင် အ​ချင်း ချင်း​ခုတ်​နေ​ကြ​သော​ဖိ​လိတ္တိ​အမျိုး​သား တို့​အား​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ