၂ ရာချုပ် 20:21Common Language Bibleမင်းကြီးသည်ပြည်သူတို့နှင့်တိုင်ပင်၍ဂီတ ပညာသည် အချို့ကိုနေ့ထူးနေ့မြတ်များတွင် ဝတ်ဆင်လေ့ရှိသည့်ဝတ်လုံများကိုဝတ်စေ၍ တပ်မတော်ရှေ့ကချီတက်စေပြီးလျှင်``ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော် ၏မေတ္တာတော်သည် ထာဝစဉ်တည်၏'' ဟုသီဆို ကြစေရန်အမိန့်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။