၂ ရာချုပ် 18:21Common Language Bibleထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
သို့ရာတွင်ငါတို့သည်ဘုရားသခင်၏ဘက် တော်သားများဖြစ်ကြ၏။ ဘုရားသခင်ကိုသိ သောသူသည်ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်၏ဘက်တော်သားမဟုတ်သူမူ ကားငါတို့စကားကိုနားမထောင်တတ်။ ဤ သို့လျှင်ငါတို့သည်သမ္မာဝိညာဉ်နှင့်မိစ္ဆာ ဝိညာဉ်ကိုခွဲခြား၍သိရှိနိုင်ကြ၏။
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-