နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ် လည်လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားက`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ကို သွား၍အသတ်ခံရစေရန်သူ့အားအဘယ်သူ လိမ်လည်လှည့်စားပါမည်နည်း' ဟုမေးတော်မူ လျှင်ကောင်းကင်တမန်တို့သည်အမျိုးမျိုး အဖုံဖုံလျှောက်ထားကြ၏။-
ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။-