ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။-
(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
ဣသရေလပြည်နှင့်ရှုရိပြည်တို့သည် သုံး နှစ်တိုင်တိုင်စစ်ပြေငြိမ်းလျက်ရှိ၏။-
ယောရှဖတ်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကိုလည်းကောင်း၊ သူ၏စွန့်စားမှုများနှင့် သူဆင်နွှဲခဲ့သည့်တိုက်ပွဲများကိုလည်းကောင်း ယုဒရာဇဝင်တွင်ရေးထားသတည်း။-
အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။-
သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။-
သို့ဖြစ်၍ယောရှဖတ်သည်တန်ခိုးကြီးသည် ထက်ကြီးလာတော်မူ၏။ သူသည်ယုဒပြည် တစ်လျှောက်လုံးတွင်ခံတပ်များကိုလည်း ကောင်း၊-
ထာဝရဘုရားသည်ယောရှဖတ်၏အာဏာ ကိုတည်စေတော်မူ၏။ ပြည်သူအပေါင်းတို့ သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာများကိုယူ ဆောင်လာကြ၏။ ထိုကြောင့်မင်းကြီးသည် ချမ်းသာကြွယ်ဝကာဂုဏ်အသရေကြီး မြင့်လာတော်မူ၏။-
ထိုကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင် သောအခါ ဣသရေလဘုရင်ဟုထင်မှတ်ကာ ပြန်လှည့်၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှ ဖတ်ဟစ်အော်လိုက်သောအခါဘုရားသခင် ထာဝရဘုရားသည်သူ့ကိုကယ်ဆယ်၍ ရန်သူ တို့သည်အခြားတစ်ဖက်သို့လှည့်၍တိုက်ခိုက် ကြ၏။-
ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
အခါတစ်ပါးကယုဒဘုရင်ယောရှဖတ် သည် ဆိုးညစ်ယုတ်မာသောအမှုများစွာတို့ ကိုပြုကျင့်သူဣသရေလဘုရင်အာခဇိ နှင့်မဟာမိတ်ဖွဲ့ခဲ့၏။-
သူသည်အာဟပ်၏သမီးတော်တစ်ပါးနှင့် စုံဖက်မိသဖြင့် အာဟပ်မင်းနှင့်အခြား ဣသရေလဘုရင်တို့၏ဆိုးညစ်ယုတ်မာ သောလမ်းစဉ်ကိုလိုက်၍ထာဝရဘုရားကို ပြစ်မှားလေသည်။-
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။-