၂ ရာချုပ် 17:19Common Language Bibleယုဒပြည်ခံတပ်မြို့များတွင်နေရာချထား သည့်စစ်သည်တော်များအပြင် ယေရုရှလင် မြို့တွင်နေရာချထားသည့်ဤသူတို့သည် လည်း မင်းကြီး၏အမှုတော်ကိုထမ်းဆောင် ရကြလေသည်။ အခန်းကိုကြည့်ပါ။ |
ရောဗောင်သည်ပညာသတိရှိစွာမိမိ၏သား တော်များအားတာဝန်ဝတ္တရားများခွဲဝေသတ် မှတ်ပေးပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ်မြေတစ် လျှောက်ရှိခံတပ်မြို့များတွင်နေရာချထား တော်မူ၏။ မင်းကြီးသည်သူတို့အားရက်ရော စွာစားနပ်ရိက္ခာများထောက်ပံ့၍ကြင်ဖော် အမြောက်အမြားကိုလည်းရှာပေးတော် မူ၏။
ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-