Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 12:4

Common Language Bible

သူ​သည်​ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​တို့​ကို​တိုက်​ခိုက် သိမ်း​ယူ​ကာ ယေ​ရု​ရှ​လင်​မြို့​အ​ရောက်​ချီ​တက် လာ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-

ရှမာရိ​မြို့​ကို​ရုပ်​တု​ဆင်း​တု​များ​နှင့်​တ​ကွ ငါ သုတ်​သင်​ဖျက်​ဆီး​ပြီး​လေ​ပြီ။ ယေ​ရု​ရှ​လင် မြို့​နှင့်​ထို​မြို့​သား​တို့​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​ကို​လည်း ထို​နည်း​တူ​ငါ​ပြု​မည်'' ဟု​ဝါ​ကြွား​၏။

ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နန်း​စံ​တစ်​ဆယ့်​လေး နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင်​သ​နာ ခ​ရိပ်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။-

အာ​ရှု​ရိ​ဘု​ရင်​နှင့်​တပ်​မ​တော်​တည်း​ဟူ​သော မြစ်​လျှံ​ရေ​တို့​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး သို့​ဆင်း​ဝင်​ကာ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​လူ တို့​လည်​မျို​လောက်​တိုင်​အောင်​လွှမ်း​မိုး​ကြ လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။ အို ဧ​မာ​နွေ​လ​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော် သည်​မိ​မိ​မေတ္တာ​အ​တောင်​တော်​ကို​ဖြန့်​၍ ငါ တို့​ပြည်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။

ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။ သို့​ရာ​တွင်​စ​ပျစ်​ပင်​တို့​ကို​အ​ကုန်​အ​စင်​ဖျက်​ဆီး​ပစ်​စေ​လိမ့်​မည်​မ​ဟုတ်။ စ​ပျစ်​ကိုင်း​များ​သည်​ငါ​မ​ပိုင်​မ​ဆိုင်​သ​ဖြင့်​ယင်း​တို့​ကို​ခုတ်​ထွင်​ပစ်​ရန်​ရန်​သူ​တို့​အား​ငါ​စေ​ခိုင်း​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ