၂ ရာချုပ် 12:3Common Language Bibleသူသည်စစ်ရထားတစ်ထောင့်နှစ်ရာ၊ မြင်းစီး သူရဲခြောက်သောင်းနှင့်လိဗုပြည်သား၊ သုကိ ပြည်သား၊ ဆူဒန်ပြည်သားတို့အပါအဝင် မရေမတွက်နိုင်သောစစ်သည်တော်များပါ ရှိသည့်တပ်မတော်ကြီးကိုခေါင်းဆောင်၍ လာ၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-