Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 1:12

Common Language Bible

ထို့​အ​ပြင်​ရှေး​အ​ခါ​၌​သော်​လည်း​ကောင်း၊ နောင်​အ​ခါ​၌​သော်​လည်း​ကောင်း ဘု​ရင်​တစ် ပါး​မျှ​မ​ရ​ရှိ​သော​စည်း​စိမ်​ချမ်း​သာ​နှင့် ဂုဏ်​သ​တင်း​ကျော်​စော​မှု​ကို​လည်း​ငါ​ပေး ဦး​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​တို့​သည်​မင်း​ကြီး အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ ဖြင့် မြွက်​ဆို​သည့်​စ​ကား​များ​ကို​ကြား​နာ​ရန် လာ​ရောက်​ကြ​၏။-

စည်း​စိမ်​ချမ်း​သာ​နှင့်​ပစ္စည်း​ဥစ္စာ​ပေါ​များ ကြွယ်​ဝ​မှု​မှန်​သ​မျှ​ကို​ကိုယ်​တော်​ရှင်​ပေး တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​ရာ​ခပ် သိမ်း​တို့​ကို​ခွန်​အား​စွမ်း​ရည်​တန်​ခိုး​နှင့် အ​စိုး​ရ​တော်​မူ​၍ မည်​သူ့​ကို​မ​ဆို​ကြီး မြတ်​၍​သန်​စွမ်း​မှု​ကို​ပေး​တော်​မူ​ပါ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။

ရှော​လ​မုန်​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​တ​ကာ တို့​ထက်​ချမ်း​သာ​ကြွယ်​ဝ​၍​ဉာဏ်​ပ​ညာ​ရှိ တော်​မူ​၏။-

ငါ​သည်​သူ​တို့​အား``ရှော​လ​မုန်​မင်း​ကို​အ​ပြစ် ကူး​လွန်​စေ​သူ​များ​ကား​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​ပင်​တည်း။ ထို​မင်း​သည်​အ​ခြား​လူ မျိုး​တို့​၏​ဘု​ရင်​ရှိ​သ​မျှ​ထက်​ပို​၍​တန်​ခိုး ကြီး​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ချစ်​တော် မူ​သ​ဖြင့်​ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို​အုပ် စိုး​စေ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​သည်​လူ​မျိုး ခြား​များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​သည့်​အ​ပြစ် ကို​ကူး​လွန်​ပေ​သည်။-

ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။

ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။

ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။-

ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။

သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ