၂ ရာချုပ် 1:11Common Language Bibleထာဝရဘုရားက``သင်သည်လျောက်ပတ် သောအရာကိုရွေးချယ်လေပြီ။ စည်းစိမ်ဥစ္စာ နှင့်ဂုဏ်သတင်းကျော်စောမှုတို့ကိုသော် လည်းကောင်း၊ ရန်သူများသေကြေပျက်စီးရန် ကိုသော်လည်းကောင်းမတောင်းခံဘဲ သင့်အား ငါပေးအပ်ထားသည့်ပြည်သူတို့ကိုအုပ်စိုး နိုင်ရန်ဉာဏ်ပညာနှင့်အသိပညာကိုတောင်း ခံပေသည်။ သို့ဖြစ်၍သင့်အားအသိပညာ နှင့်ဉာဏ်ပညာကိုငါပေးမည်။- အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-