၂ ရာ 8:15Common Language Bibleဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။-