၂ ရာ 8:14Common Language Bibleသူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။ အခန်းကိုကြည့်ပါ။ |
တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-