သို့ဖြစ်၍ဣရှဗောရှက်သည်မိခါလကိုလဲရှ ၏သား၊ ခင်ပွန်းဖာလတိထံမှပြန်သိမ်းစေ၏။-
ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
ထိုနောက်ဒါဝိဒ်သည်ဣရှဗောရှက်ထံစေတမန် များလွှတ်၍``ငါ၏ဇနီးမိခါလကိုပြန်၍ ပေးလော့။ ငါသည်သူ့ကိုထိမ်းမြားနိုင်ရန် ဖိလိတ္တိအမျိုးသားအရေဖျားတစ်ရာဖြင့် ဝယ်ယူခဲ့ရ၏'' ဟုမှာကြားလိုက်၏။-
ဖာလတိသည်ငိုကြွေးလျက်ဗာဟုရိမ်မြို့တိုင် အောင်မိခါလနောက်သို့လိုက်လေ၏။ ထို့နောက် အာဗနာက``အိမ်သို့ပြန်လော့'' ဟုဆိုသဖြင့် ပြန်သွားရ၏။
ဤအတောအတွင်း၌ရှောလုသည် ဒါဝိဒ်၏ ဇနီးဟောင်း၊ မိမိ၏သမီးတော်မိခါလ အားဂလ္လိမ်မြို့မှလဲရှ၏သားဖာလတိနှင့် ထိမ်းမြားပေးစားပြီးဖြစ်သတည်း။