Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 3:14

Common Language Bible

ထို​နောက်​ဒါ​ဝိဒ်​သည်​ဣရှ​ဗော​ရှက်​ထံ​စေ​တ​မန် များ​လွှတ်​၍``ငါ​၏​ဇ​နီး​မိ​ခါ​လ​ကို​ပြန်​၍ ပေး​လော့။ ငါ​သည်​သူ့​ကို​ထိမ်း​မြား​နိုင်​ရန် ဖိ​လိတ္တိ​အ​မျိုး​သား​အ​ရေ​ဖျား​တစ်​ရာ​ဖြင့် ဝယ်​ယူ​ခဲ့​ရ​၏'' ဟု​မှာ​ကြား​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။ သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။-

သို့​ဖြစ်​၍​ဣရှ​ဗော​ရှက်​သည်​မိ​ခါ​လ​ကို​လဲ​ရှ ၏​သား၊ ခင်​ပွန်း​ဖာ​လ​တိ​ထံ​မှ​ပြန်​သိမ်း​စေ​၏။-

သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပင့်​ဆောင်​လာ​သော အ​ခါ​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် လေ သာ​ပြူ​တင်း​မှ​ကြည့်​လိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌ ဒါ​ဝိဒ်​မင်း​က​ခုန်​လျက်​နေ​သည် ကို​မြင်​လေ​သော်​မင်း​ကြီး​အား​ရွံ​ရှာ​မိ​၏။-

သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-

ထို​အ​ခါ​ရှော​လု​က``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး​သည်​သင့်​အား​သ​မီး​တော်​ကို​ပေး​ရ သည့်​အ​တွက်​လက်​ဆောင်​အ​ဖြစ် သင့်​ထံ​မှ ဖိ​လိတ္တိ​အ​မျိုး​သား​လူ​သေ​အလောင်း​တစ်​ရာ တို့​၏​အ​ရေ​ဖျား​များ​ကို​သာ​လျှင် ရန်​သူ တို့​အား​လက်​စား​ချေ​သည့်​အ​နေ​ဖြင့်​အ​လို ရှိ​တော်​မူ​သည်​ဟု​ပြော​ကြား​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ (ရှော​လု​ဤ​သို့​ပြု ခြင်း​မှာ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက် ဖြင့်​ဒါ​ဝိဒ်​အ​သတ်​ခံ​ရ​ရန်​ဖြစ်​၏။-)

ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​သား​များ​နှင့်​ထွက်​သွား ပြီး​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​နှစ်​ရာ​ကို​သတ် ဖြတ်​၍ သ​မက်​တော်​ဖြစ်​ရန်​ထို​သူ​တို့​၏​အ​ရေ ဖျား​များ​ကို​မင်း​ကြီး​ထံ​သို့​ယူ​ခဲ့​ကာ​ရေ တွက်​၍​ဆက်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သမီး တော်​မိ​ခါ​လ​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား​စုံ​ဖက် ပေး​ရ​လေ​တော့​၏။

ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် ဒါ​ဝိဒ်​၏ ဇ​နီး​ဟောင်း၊ မိ​မိ​၏​သ​မီး​တော်​မိ​ခါ​လ အား​ဂလ္လိမ်​မြို့​မှ​လဲ​ရှ​၏​သား​ဖာ​လ​တိ​နှင့် ထိမ်း​မြား​ပေး​စား​ပြီး​ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ