၂ ရာ 24:15Common Language Bibleသို့ဖြစ်၍ထာဝရဘုရားသည်နံနက်ချိန် မှစ၍ပြဋ္ဌာန်းတော်မူသည့်အချိန်အထိ ဣသရေလအမျိုးသားတို့အပေါ်သို့ ကပ်ရောဂါဆိုက်ရောက်စေတော်မူ၏။ တိုင်း ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသ ရေလအမျိုးသားပေါင်းခုနစ်သောင်း မျှသေဆုံးကြ၏။- အခန်းကိုကြည့်ပါ။ |
ဇေရုယာ၏သားယွာဘသည်သန်းခေါင်စာရင်း တစ်ရပ်စတင်ကောက်ယူခဲ့သော်လည်းအပြီး မသတ်ချေ။ ဤသန်းခေါင်စာရင်းကောက်ယူမှု အတွက်ဘုရားသခင်သည် ဣသရေလအမျိုး သားတို့အားအပြစ်ဒဏ်ခတ်တော်မူ၏။ သို့ဖြစ် ၍ကောက်ယူရရှိသည့်နောက်ဆုံးကိန်းဂဏန်း များကိုဒါဝိဒ်မင်း၏တရားဝင်မှတ်တမ်းများ တွင်ရေးမှတ်ထားခြင်းမရှိပေ။
ငါကြည့်လိုက်သောအခါမြင်းမွဲတစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲ၏နာမည်မှာသေမင်း ဖြစ်၏။ သူ၏နောက်မှမရဏာနိုင်ငံလိုက်ပါ လာ၏။ သူတို့သည်ကမ္ဘာမြေကြီး၏လေးပုံတစ် ပုံတွင်ရှိသောလူတို့အားဋ္ဌားဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲ တိရစ္ဆာန်များ၏ဘေးတို့ဖြင့်သေစေနိုင်သည့် အခွင့်အာဏာကိုရရှိထားကြ၏။