၂ ရာ 24:14Common Language Bibleဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။- အခန်းကိုကြည့်ပါ။ |
နောက်တစ်နေ့နံနက်စောစော၌ဧလိရှဲ၏ အစေခံသည်ထ၍အိမ်ပြင်သို့ထွက်လိုက်ရာ မြို့ကိုဝိုင်းရံထားသောရှုရိတပ်သားများနှင့် တကွမြင်းစီးသူရဲများ၊ စစ်ရထားများကို မြင်လေ၏။ သူသည်ဧလိရှဲထံသို့ပြန်လာပြီး လျှင်``ကျွန်တော်တို့ခက်ချေပြီ။ အဘယ်သို့ပြု ရကြပါမည်နည်း'' ဟုဟစ်အော်၍ပြော၏။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-