Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 22:32

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့ ကွယ်​ကာ​ရာ​ဖြစ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကွယ်​ကာ​ရာ အ​ရှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ဤ​သို့​မိန့်​တော်​မူ​၏။ ``ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရို​သေ​လျက် တ​ရား​မျှ​တ​စွာ​အုပ်​စိုး​သော​မင်း​သည်၊

အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ​ပါ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​ကြား​သိ​သ​မျှ​အ​တိုင်း​ကိုယ် တော်​ရှင်​နှင့်​တူ​သော​ဘု​ရား၊ ကိုယ်​တော်​ရှင် မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။-

ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။

အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။

လာ​ရောက်​၍​သင်​တို့​၏​အ​မှု​ကို​ရုံး​တော်​သို့ တင်​ကြ​လော့။ တ​ရား​ခံ​တို့​သည်​အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး တိုင်​ပင်​နှီး​နှော​ရကြ​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​အ​ဘယ်​သူ​သည် ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို​တင်​ဟော​ကြား​ခဲ့ ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ကယ်​တင်​သည့်​ဘု​ရား မ​ဟုတ်​ပါ​လော။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ။

ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။

`` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။

ထာ​ဝ​ရ​ဘု​ရား​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း၊ အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို ထို​အ​မှု​တော်​များ​အား​ဖြင့် သင်​တို့​အား​သိ စေ​တော်​မူ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ သ​ကဲ့​သို့ အ​ဘယ်​သူ​မျှ​မ​သန့်​ရှင်း​မ​မြင့်​မြတ်​ပါ။ ကိုယ်​တော်​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကျွန်​မ​တို့​ကိုး​ကွယ်​သော​ဘု​ရား​ကဲ့​သို့ ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သူ​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ