Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 22:31

Common Language Bible

ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍ ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ့​ကို​ကွယ်​ကာ​၍​အ​ကြမ်း​ဖက်​မှု​မှ​ကယ်​တော် မူ​၏။

ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။ သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အား ခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိ ပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။ သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။

သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။

ကိုယ်​တော်​ရှင်​၏​က​တိ​တော်​သည်​လွန်​စွာ စိတ်​ခ​ရ​ပါ​၏။ ကွန်​တော်​မျိုး​သည်​က​တိ​တော်​ကို​လွန်​စွာ နှစ်​သက်​မြတ်​နိုး​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​၏။ မီး​ဖို​၌​ခု​နစ်​ကြိမ်​ချွတ်​ပြီး​သော​ငွေ​စင်​ကဲ့​သို့ ယုံ​ကြည်​စိတ်​ချ​နိုင်​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။

ဤ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​လင်​ပေ​၏။ ကိုယ်​တော်​၏​စ​ကား​တော်​တို့​သည်​လည်း ယုံ​ကြည်​စိတ်​ချ​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​ထံ​တွင်​ခို​လှုံ​သူ အ​ပေါင်း​တို့​အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ် တော်​မူ​၏။

မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။ ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။ ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။

ကိုယ်​တော်​ရှင်​၏​ဒိုင်း​လွှား​ကို​ကိုင်​ဆွဲ​၍ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​တော်​မူ​ပါ။

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ရွေး​ချယ်​ထား​တော်​မူ​သော ဘု​ရင်​တည်း​ဟူ​သော​ကျွန်​တော်​မျိုး​တို့ ၏​ဘု​ရင်​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ။

ကိုယ်​တော်​သည်​မိ​မိ​၏​အ​တောင်​တော်​ဖြင့် သင့်​ကို​ဖုံး​အုပ်​တော်​မူ​လိမ့်​မည်။ သင်​သည်​ကိုယ်​တော်​၏​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၍​ဘေး​မဲ့​လုံ​ခြုံ​လျက်​နေ​လိမ့်​မည်။ ကိုယ်​တော်​၏​သစ္စာ​တော်​သည်​သင့်​ကို​စောင့်​ထိန်း ကွယ်​ကာ​ရာ​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။

ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။

ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။

မင်း​ကြီး​က``ငါ​သည်​ခု​နစ်​နှစ်​ကာ​လ​ကုန် ဆုံး​သွား​သော​အ​ခါ မိုး​ကောင်း​ကင်​သို့​မြော် ကြည့်​လိုက်​ရာ​လူ့​စိတ်​ပြန်​ရ​သ​ဖြင့် အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​အား​ထော​မ​နာ ပြု​၍ ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​၏​ဂုဏ်​တော်၊ ဘုန်း အ​သ​ရေ​တော်​ကို​ချီး​မွမ်း​ပါ​၏။ ``ကိုယ်​တော်​သည်​လော​က​ကို​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။

``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။

ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​သ​ကဲ့​သို့​သင်​တို့​သည်​လည်း​ကောင်း မြတ်​စုံ​လင်​ကြ​လော့။

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။

သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​လှ ပါ​သည်​တ​ကား။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​သည် အ​လွန်​မျှ​တ​မှန်​ကန်​လှ​ပါ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ