Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 20:15

Common Language Bible

ယွာ​ဘ​၏​လူ​တို့​သည်​လည်း​ရောက်​ရှိ​လာ​ကြ လျက်​မြို့​ထဲ​တွင် ရှေ​ဘ​ခို​နေ​ကြောင်း​ကြား​၍ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လေ​သည်။ သူ​တို့​သည် မြို့​အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍ မြေ​က​တုတ် များ​ဖို့​ကာ​မြို့​ရိုး​ပြို​ကျ​စေ​ရန်​တံ​တိုင်း အောက်​မြေ​ကို​တူး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရှေ​ဘ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​ထံ သို့ လှည့်​လည်​ပြီး​လျှင်​အာ​ဗေ​လ​ဗက်​မာ​ခ မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​အ​ခါ​ဗိ​ခ​ရိ သား​ချင်း​စု​ရှိ​သ​မျှ​တို့​သည် သူ့​နောက်​သို့ လိုက်​၍​မြို့​ထဲ​သို့​ဝင်​ကြ​၏။-

ဗင်္ဟာ​ဒဒ်​မင်း​သည် အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​၏​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣသ​ရေ​လ မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည် န​ဿ​လိ​နယ်​မြေ​တစ်​ခု​လုံး​အ​ပြင်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​နှင့်​ဂင်္နေ​သ​ရက် နယ်​တို့​ကို​သိမ်း​ဆည်း​ကြ​၏။-

ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။

``အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​နှင့်​ပတ် သက်​၍ ထာ​ဝ​ရ​ဘု​ရား​က`သူ​သည်​ဤ​မြို့​သို့ ဝင်​ရ​မည်​မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ် လက်​မျှ​ပစ်​လွှတ်​ရ​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ရန်​မြေ​က​တုတ်​များ​ကို​လည်း​ဖို့ လုပ်​ရ​မည်​မ​ဟုတ်။-

မြို့သားနည်းသောမြို့ငယ်တမြို့ရှိ၏။ ကြီးသော ရှင်ဘုရင်တပါးသည်လာ၍၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည်၍ဝိုင်းထား၏။

အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ဤ​သို့​တည်း။ ကိုယ် တော်​က``ထို​သူ​သည်​ဤ​မြို့​ကို​ဝင်​ရ​လိမ့်​မည် မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ်​လက်​မျှ​ပင် ပစ်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​စစ်​သူ​ရဲ​မျှ ဒိုင်း​လွှား​ကို​ကိုင်​ဆောင်​၍​မြို့​အ​နီး​သို့​ချဉ်း ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ​ရန်​မြေ က​တုတ်​များ​ကို​လည်း​ဖို့​လုပ်​ရ​လိမ့်​မည် မ​ဟုတ်။-

``ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​ဤ​မြို့​ကို ဝိုင်း​ရံ​သိမ်း​ပိုက်​နိုင်​ရန် မြေ​က​တုတ်​များ ကို​မြို့​ပတ်​လည်​တွင်​ဖို့​လုပ်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​ပြီ။ စစ်​ဘေး​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် သူ​တို့​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​ပါ လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သ​မျှ​သော စ​ကား​များ​မှန်​လျက်​နေ​သည်​ကို​တွေ့ မြင်​တော်​မူ​နိုင်​ပါ​၏။-

ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် ၏​နန်း​တော်​သည် ဝိုင်း​ရံ​ပိတ်​ဆို့​တိုက်​ခိုက်​ခံ ရ​သ​ဖြင့်​ပြို​ပျက်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ ဘု​ရင်​တို့​အား​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​နိုင်​ရန်​သစ်​ပင်​များ​ကို​ခုတ်​လှဲ​၍ မြေ က​တုတ်​များ​ကို​ဖို့​စေ​ခြင်း​ငှာ​အ​မိန့်​ပေး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​က``ဤ​မြို့​သည် ညှင်း​ပန်း​နှိပ်​စက်​မှု​နှင့်​ပြည့်​နှက်​လျက်​ရှိ သ​ဖြင့်​ငါ​သည်​ဤ​မြို့​ကို​ဒဏ်​ခတ်​မည်။-

ထို​နောက်​ထို​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို သ​ရုပ်​ဆောင်​ရန် မြောင်း၊ မြေ​က​တုတ်​များ၊ စစ် စ​ခန်း​များ​နှင့်​ခံ​တပ်​ဖြို​သည့်​တုံး​မောင်း များ​ကို​မြို့​ပတ်​လည်​၌​နေ​ရာ​ချ​ထား​လော့။-

ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ