၂ ရာ 20:14Common Language Bibleရှေဘသည်ဣသရေလအနွယ်ရှိသမျှထံ သို့ လှည့်လည်ပြီးလျှင်အာဗေလဗက်မာခ မြို့သို့ရောက်ရှိလာ၏။ ထိုအခါဗိခရိ သားချင်းစုရှိသမျှတို့သည် သူ့နောက်သို့ လိုက်၍မြို့ထဲသို့ဝင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-
ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-