၂ ရာ 19:42Common Language Bibleယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။ သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။