Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 19:41

Common Language Bible

ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ပြော​ဆို နေ​ကြ​သည့်​သ​တင်း​သည် ဒါ​ဝိဒ်​ထံ​သို့ ရောက်​ရှိ​လာ​၏။ ``အ​ဘယ်​ကြောင့်​သင်​တို့ သည်​မိ​မိ​တို့​ဘု​ရင်​အား​နန်း​တော်​သို့​ပြန် လည်​ခေါ်​ဆောင်​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​နောက်​ကျ​လျက်​နေ​ကြ​ပါ သ​နည်း။-

သင်​တို့​သည်​ငါ​၏​ဆွေ​မျိုး၊ ငါ​၏​သွေး​သား များ​ဖြစ်​ကြ​၏။ ငါ့​အား​ပြန်​လည်​ခေါ်​ဆောင် ရန်​အ​ဘယ်​ကြောင့်​နောက်​ကျ​နေ​ရ​ပါ​သ​နည်း'' ဟု​မေး​မြန်း​စေ​ရန်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​ကို​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-

တိုက်​ပွဲ​မှ​ထွက်​ပြေး​ခဲ့​သ​ဖြင့်​ရှက်​ကြောက် နေ​သည့်​စစ်​သား​များ​ကဲ့​သို့ သူ​တို့​သည်​မြို့ ထဲ​သို့​တိတ်​တ​ဆိတ်​ပြန်​လည်​ဝင်​ရောက် လာ​ကြ​၏။-

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​တိုက်​ရန်​ပြင် ဆင်​ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကျော်​ကာ​ဇာ​ဖုန်​မြို့​သို့​ချီ​သွား​ပြီး​လျှင် ယေ​ဖ​သ​အား``သင်​တို့​သည်​ငါ​တို့​ကို​မ​ခေါ် ဘဲ​အ​ဘယ်​ကြောင့်​အမ္မုန်​အ​မျိုး​သား​တို့​အား ချီ​တက်​တိုက်​ခိုက်​ခဲ့​ပါ​သ​နည်း။ သင်​ရှိ​ရာ သင်​၏​အိမ်​ကို​ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်'' ဟု​ပြော​၏။

ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ