Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 17:28

Common Language Bible

တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​က​မုန့်​နှင့်​ပဲဟင်း​ကို​သူ့​အား ပေး​၍​သူ​သည်​စား​သောက်​ပြီး​လျှင်​ထွက်​သွား လေ​၏။ ထို​သို့​လျှင်​ဧ​သော​သည်​မိ​မိ​၏​သားဦး အ​ရာ​ကို​မ​ထီ​လေး​စား​ပြု​သ​တည်း။

စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။

သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။

သင်​၏​မာန်​မာ​န​သည်​သင့်​ကို​လှည့်​စား ထား​လေ​ပြီ။ သင်​၏​မြို့​တော်​သည်​ကျောက်​တုံး​ကျောက်​ခဲ ဖြင့် ပြီး​သော​ခံ​တပ်​မြို့​ဖြစ်​၍၊ သင်​၏​တည်​နေ​ရာ​သည်​မြင့်​မား​သော တောင်​ပေါ်​တွင်​ဖြစ်​သ​ဖြင့်၊ `ငါ့​အား​အ​ဘယ်​သူ​ဆွဲ​ချ​နိုင်​ပါ​နည်း' ဟု သင်​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။

``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။

အ​ဘိ​ဂဲ​လ​သည်​မုန့်​အ​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည် အ​ပြည့်​ရှိ​သော​သား​ရေ​ဘူး​နှစ်​ဘူး၊ သိုး​ကင် ငါး​ကောင်၊ ပေါက်​ပေါက်​နှစ်​တင်း၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ​နှင့်​သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​နှစ်​ရာ​ကို အ​လျင်​အ​မြန်​စု​ဆောင်း ပြီး​လျှင်​မြည်း​များ​အ​ပေါ်​သို့​တင်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ