၂ ရာ 17:27Common Language Bibleမဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။- အခန်းကိုကြည့်ပါ။ |
အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။-
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။