Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 15:32

Common Language Bible

ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။-

သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။-

ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။-

ဒါ​ဝိဒ်​သည်​တောင်​ထိပ်​ကို​အ​နည်း​ငယ်​ကျော် မိ​သော​အ​ခါ မေ​ဖိ​ဗော​ရှက်​၏​အ​စေ​ခံ​ဇိ​ဘ နှင့်​တွေ့​ဆုံ​လေ​၏။ ဇိ​ဘ​သည်​မုန့်​အ​လုံး​နှစ် ရာ၊ စ​ပျစ်​သီး​ခြောက်​အ​ခိုင်​တစ်​ရာ၊ စ​ပျစ်​သီး မှည့်​အ​ခိုင်​တစ်​ရာ​နှင့်​စ​ပျစ်​ရည်​ဘူး​တစ်​ဘူး ကို​မြည်း​နှစ်​ကောင်​ဖြင့်​တင်​ဆောင်​လာ​၏။-

အ​ဗ​ရှ​လုံ​သည်​လိုက်​ပါ​လာ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု ရှ​လင်​မြို့​သို့​ဝင်​ကြ​၏။ ထို​သူ​တို့​နှင့်​အ​တူ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​၏။-

အ​ဗ​ရှ​လုံ​က``ယ​ခု​ဟု​ရှဲ​ကို​ခေါ်​ခဲ့​ကြ။ သူ ၏​အ​ကြံ​ကို​လည်း​နား​ထောင်​ကြ​စို့'' ဟု ဆို​၏။-

ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-

ဟု​ရှဲ​၏​သား​ဗာ​နာ၊အာ​ရှာ​ဒေ​သ​နှင့်​အာ​လုပ်​မြို့

အ​ဟိ​သော​ဖေ​လ​သည်​ဘု​ရင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ဖြစ်​၍ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည်​ဘု​ရင် ၏​အ​ဆွေ​တော်​တိုင်​ပင်​ဖော်​တိုင်​ပင်​ဖက်​ဖြစ် သ​တည်း။-

အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။

ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ငါ့​ကို​ခေါ်​သော​အ​ခါ​ငါ​ထူး​မည်။ သူ​တို့​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​နှင့်​အ​တူ ငါ​ရှိ​မည်။ ငါ​သည်​သူ​တို့​အား​ကယ်​ဆယ်​၍​ချီး​မြှင့်​မည်။

သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။-

တစ်​ဖန်​ဗေ​သ​လ​မြို့​မှ​လု​ဇ​မြို့​သို့​လည်း ကောင်း၊ ထို​မှ​တစ်​ဆင့်​အာ​ခိ​အ​မျိုး​သား များ​နေ​ထိုင်​ရာ​အ​တ​ရုတ်​အန္ဒာ​မြို့​သို့ လည်း​ကောင်း​ရောက်​သည်။-

ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​သည် စစ်​မြေ မှ​လမ်း​တစ်​လျှောက်​လုံး​ပြေး​လာ​၏။ သူ​သည် ဝမ်း​နည်း​သော​အ​ထိမ်း​အ​မှတ်​ဖြင့်​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း​ပေါ်​တွင်​မြေ မှုန့်​တင်​လျက်​ရှိ​လော​မြို့​သို့​တစ်​နေ့​ချင်း ပင်​ရောက်​ရှိ​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ