Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 15:31

Common Language Bible

အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။

ထို​စဉ်​အ​ခါ​က​လူ​တို့​သည်​အ​ဟိ​သော ဖေ​လ​ပေး​သည့်​အ​ကြံ​ကို ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​သ​ဖွယ်​မှတ်​ယူ​တတ်​ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​ဗ​ရှ​လုံ​တို့​လည်း​မှတ်​ယူ ကြ​သ​တည်း။

အ​ဗ​ရှ​လုံ​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​က``ဟု​ရှဲ​၏​အ​ကြံ​သည်​အ​ဟိ သော​ဖေ​လ​၏​အ​ကြံ​ထက်​ကောင်း​၏'' ဟု ဆို​ကြ​၏။ အ​ဗ​ရှ​လုံ​၌​ဘေး​ရောက်​စေ​ခြင်း ငှာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟိ​သော​ဖေ​လ ပေး​သော​အ​ကြံ​ကောင်း​ကို​ပျက်​စေ​ရန် စီ​ရင်​တော်​မူ​သ​တည်း။

အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။

အ​ဗ​ရှ​လုံ​က``ယ​ခု​ဟု​ရှဲ​ကို​ခေါ်​ခဲ့​ကြ။ သူ ၏​အ​ကြံ​ကို​လည်း​နား​ထောင်​ကြ​စို့'' ဟု ဆို​၏။-

ဟု​ရှဲ​က``ယ​ခု​တစ်​ကြိမ်​အ​ရှင့်​အား အ​ဟိ သော​ဖေ​လ​ပေး​သည့်​အ​ကြံ​မှာ​မ​သင့် လျော်​ပါ။-

ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။

သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့ တိုက်​ခိုက်​၍​ကျွန်​တော်​မျိုး​၏​အ​ကြောင်း ဆိုး​ရွား​သော​သ​တင်း​များ​ကို​လွှင့်​ကြ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တွင်​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​တစ်​ဘက်​၌​ထ​ကြွ​သူ​များ​ကြ​ပါ​၏။

ငါ​အ​ချစ်​ဆုံး၊ငါ​အား​အ​ကိုး​ဆုံး၊ ငါ​နှင့်​ထ​မင်း​လက်​ဆုံ​စား​သူ၊ ငါ​၏​မိတ်​ဆွေ​က​ပင်​လျှင်​ငါ့​ကို​ခြေ​ဖြင့် ကျောက်​ကန်​လေပြီ။

ထို​သူ​တို့​သည်​မြို့​ကို​နေ့​ည​မ​ပြတ်​ဝိုင်း​ရံ​ထား ကြ​ပါ​၏။ မြို့​ထဲ​တွင်​ရာ​ဇ​ဝတ်​မှု၊နှောင့်​ယှက်​မှု​များ​နှင့် ပြည့်​နှက်​လျက်​ရှိ​ပါ​၏။

အ​ကယ်​၍​ငါ့​အား​ပြောင်​လှောင်​သူ​သည် ငါ​၏​ရန်​သူ​ဖြစ်​ခဲ့​သော်​ငါ​သည်​သည်း​ခံ​နိုင် ပါ​၏။ ငါ့​ကို​အ​ကြောင်း​ပြု​၍​ကြွား​ဝါ​သော​ရန်​ဘက် ဖြစ်​ခဲ့​သော် ငါ​သည်​သူ့​ကို​ရှောင်​ရှား​နိုင်​၏။

ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏ အ​ကြံ အ​စည်​များ​ကို​ပျက်​စီး​စေ​၍ သူ​တို့​၏​စိတ် ဋ္ဌာတ်​ကို​လည်း​ပျက်​ပြား​သွား​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ထံ တွင်​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ နတ် ဝင်​သည်​များ​ထံ​သွား​ရောက်​မေး​မြန်း​စုံ​စမ်း ကာ၊ သူ​သေ​တို့​၏​ဝိ​ညာဉ်​များ​အား​အကြံ ဉာဏ်​တောင်း​ခံ​ကြ​လိမ့်​မည်။-

ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။

``သင်​တို့​အား​လုံး​ကို​ရည်​မှတ်​၍​ငါ​ပြော​သည် မ​ဟုတ်။ ငါ​ရွေး​ကောက်​ထား​သူ​များ​ကို​ငါ​သိ ၏။ သို့​သော်​ကျမ်း​စာ​တော်​တွင်`ငါ​၏​ထ​မင်း​ကို စား​သူ​သည်​ငါ့​ကို​ခြေ​နှင့်​ကျောက်​လေ​ပြီ' ဟု ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​ပျက်​ရ​မည်။-

သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။

ထို​ကဲ့​သို့​သော​ပ​ညာ​သည်​အ​ထက်​မှ​သက် ရောက်​သည့်​ပ​ညာ​မ​ဟုတ်။ လော​ကီ​ဆန်​သော၊ အ​သွေး​အ​သား​နှင့်​ဆိုင်​သော၊ နတ်​မိစ္ဆာ​တို့​နှင့် ပတ်​သက်​သော​ပ​ညာ​သာ​လျှင်​ဖြစ်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ