Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 11:15

Common Language Bible

စာ​တွင်``တိုက်​ပွဲ​အ​ပြင်း​ထန်​ဆုံး​ရှေ့​တန်း​စစ် မျက်​နှာ​သို့​ဥ​ရိ​ယ​အား​စေ​လွှတ်​လော့။ ထို နောက်​သူ​အ​သတ်​ခံ​ရ​စေ​ရန်​သင်​သည်​နောက် သို့​ဆုတ်​ခွာ​လာ​ခဲ့​လော့'' ဟု​ပါ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ယွာ​ဘ​သည်​မြို့​ကို​မိ​မိ​ဝိုင်း​ရံ လျက်​နေ​စဉ် ဥ​ရိ​ယ​အား​ရန်​သူ​အင်​အား ကြီး​မား​သည့်​စစ်​မျက်​နှာ​သို့​စေ​လွှတ်​၏။-

ရန်​သူ​တပ်​သား​တို့​သည်​မြို့​ထဲ​မှ​ထွက်​လာ ပြီး​နောက် ယွာ​ဘ​၏​တပ်​သား​များ​နှင့်​တိုက် ခိုက်​ကြ​ရာ ဒါ​ဝိဒ်​၏​တပ်​မှူး​အ​ချို့​ကျ​ဆုံး သွား​ကြ​လေ​သည်။ ယင်း​သို့​ကျ​ဆုံး​သူ​တို့ အ​ထဲ​တွင်​ဥ​ရိ​ယ​လည်း​ပါ​၏။

သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​ဆိုး ညစ်​မှု​ကို​ပြု​ဘိ​သ​နည်း။ သင်​သည်​ဥ​ရိ​ယ အား​စစ်​ပွဲ​တွင်​ကျ​ဆုံး​စေ​ခဲ့​၏။ အမ္မုန်​ပြည် သား​တို့​အား​သူ့​ကို​သတ်​ခွင့်​ပေး​ပြီး​လျှင် သူ ၏​ဇ​နီး​ကို​သိမ်း​ပိုက်​ခဲ့​ပါ​သည်​တ​ကား။-

အ​ဘယ်​ကြောင့်​ဆို​သော်​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သည့်​အ​မှု​တို့​ကို​သာ​လျှင်​ပြု​ခဲ့ သော​ကြောင့်​ဖြစ်​၏။ မင်း​ကြီး​သည်​ဟိတ္တိ​အ​မျိုး​သား ဥ​ရိ​ယ​၏​အ​မှု​ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ် အ​ခါ​၌​မျှ​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​လွန်​ဆန် ခဲ့​ခြင်း​မ​ရှိ​ပေ။-

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​၌​ဒု​စ​ရိုက်​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် တ​ရား​စီ​ရင်​တော်​မူ​သည်​မှာ​လျော်​ကန်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ သည်​မှာ တ​ရား​ပါ​၏။

အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။

``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​ကူး သီ​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ဆင်း​ရဲ​သော​သူ​တို့​အား ဆိုး​ညစ်​သူ​များ​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ​၏။

ထို​နောက်​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``ငါ့ မှာ​ငါ့​သ​မီး​ကြီး​မေ​ရပ်​ရှိ​၏။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​စစ်​ပွဲ​များ​တွင်​ရဲ​ရင့်​စွာ​ပါ​ဝင်​ဆင်​နွှဲ လျက် ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည်​ဆို ပါ​က ငါ​သည်​သင့်​အား​ဤ​သ​မီး​တော်​နှင့်​ထိမ်း မြား​ပေး​စား​မည်'' ဟု​ဆို​၏။ (ဤ​နည်း​အား​ဖြင့် ဒါ​ဝိဒ်​အား​မိ​မိ​ကိုယ်​တိုင်​သတ်​ရန်​မ​လို​တော့ ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ချက်​ဖြင့် ကျ​ဆုံး​စေ​ရန်​ရှော​လု​အ​ကောက်​ကြံ​သ​တည်း။)

``ငါ​သည်​မိ​ခါ​လ​ကို​ဒါ​ဝိဒ်​နှင့်​စုံ​ဖက်​စေ​မည်။ သူ့​အား​ကျော့​ကွင်း​သ​ဖွယ်​ပြု​၍​ဒါ​ဝိဒ်​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ဖြင့်​အ​သတ် ခံ​ရ​စေ​မည်'' ဟု​ဆို​၏။-

ထို​အ​ခါ​ရှော​လု​က``သင်​တို့​သည်​ဒါ​ဝိဒ်​အား မင်း​ကြီး​သည်​သင့်​အား​သ​မီး​တော်​ကို​ပေး​ရ သည့်​အ​တွက်​လက်​ဆောင်​အ​ဖြစ် သင့်​ထံ​မှ ဖိ​လိတ္တိ​အ​မျိုး​သား​လူ​သေ​အလောင်း​တစ်​ရာ တို့​၏​အ​ရေ​ဖျား​များ​ကို​သာ​လျှင် ရန်​သူ တို့​အား​လက်​စား​ချေ​သည့်​အ​နေ​ဖြင့်​အ​လို ရှိ​တော်​မူ​သည်​ဟု​ပြော​ကြား​လော့'' ဟု အ​မိန့်​ပေး​တော်​မူ​၏။ (ရှော​လု​ဤ​သို့​ပြု ခြင်း​မှာ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက် ဖြင့်​ဒါ​ဝိဒ်​အ​သတ်​ခံ​ရ​ရန်​ဖြစ်​၏။-)




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ