နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။-
သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။-
တမင်တကာကြံရွယ်ချက်ဖြင့်ပြုသည့်အပြစ် ဒုစရိုက်များနှင့်လည်းကင်းစင်စေတော်မူပါ။ ထိုဒုစရိုက်တို့သည်ကျွန်တော်မျိုးအား အစိုးမရပါစေနှင့်။ သို့မှသာလျှင်ကျွန်တော်မျိုးသည် အပြစ်ဆိုဖွယ်မရှိဖြစ်လျက်အပြစ် ဒုစရိုက်နှင့် ကင်းစင်ပါလိမ့်မည်။
သင်သည်သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်၏။ သင်၏လျှာသည်သင်တုန်းဋ္ဌားကဲ့သို့ထက်မြက်၏။ သင်သည်မဟုတ်မမှန်သည့်စကားကိုအစဉ်ပင် လုပ်ကြံပြောဆိုတတ်၏။
လူသားတို့သည်ထွက်သက်ဝင်သက်လေမျှသာ ဖြစ်ပေသည်။ လူတို့သည်ယုတ်မြတ်မဟူအနတ္တမျှသာဖြစ် ကြ၏။ သူတို့အားချိန်ခွင်တွင်ချိန်စက်၍ကြည့် ကြလော့။ သူတို့သည်အချိန်မစီး။ ထွက်သက်ဝင်သက်လေထက်ပင်ပေါ့ကြ၏။
``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''