ဟာဒဒေဇာမင်းသည်ဥဖရတ်မြစ်အရှေ့ ဘက်ရှိရှုရိပြည်သားတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ဟာဒဒေဇာမင်း၏ဗိုလ်ချုပ် ရှောဗက်ကွပ်ကဲလျက်ဟေလံမြို့သို့ရောက် ရှိလာလေသည်။-
ဣသရေလအမျိုးသားတို့၏လက်တွင် အ ရေးရှုံးနိမ့်ခဲ့ကြောင်းရှုရိပြည်သားတို့သိ ရှိကြသောအခါ မိမိတို့၏တပ်အပေါင်း တို့အားတစ်ဖန်စုရုံးစေကြ၏။-
ဤအကြောင်းကိုကြားသောအခါ ဒါဝိဒ်သည် ဣသရေလတပ်များကိုစုရုံးစေ၍ ယော်ဒန် မြစ်ကိုကူးပြီးလျှင်ဟေလံမြို့သို့ချီတက် လေ၏။ ထိုမြို့တွင်ရှုရိပြည်သားတို့သည် ဒါဝိဒ်ရှိရာသို့မျက်နှာမူလျက်နေရာယူ ကြ၏။ စစ်ပွဲစတင်သည်နှင့်၊-
ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။-
ထိုနောက်ဒါဝိဒ်မင်းသည်ဟာမတ်မြို့အနီးတွင် ဇောဘဘုရင်ဟာဒဒေဇာကိုတိုက်ခိုက်တော် မူ၏။ အဘယ်ကြောင့်ဆိုသော်ဟာဒဒေဇာ သည်ဥဖရတ်မြစ်အထက်ပိုင်းရှိနယ်မြေ ကိုသိမ်းယူရန်ကြိုးစားအားထုတ်သော ကြောင့်ဖြစ်၏။-
ဒမာသက်မြို့မှရှုရိအမျိုးသားတို့သည် ဟာဒဒေဇာဘုရင်ကိုစစ်ကူရန်တပ်တစ် တပ်စေလွှတ်လိုက်ကြ၏။ ဒါဝိဒ်မင်းသည် သူတို့အားတိုက်တော်မူ၍ လူနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်ပစ်တော်မူသည်။-
ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့အနိုင်ရသွားကြောင်းကိုသိရှိလာ ကြသဖြင့် သူတို့သည်ဥဖရတ်မြစ်အရှေ့ ဘက်ကမ်းရှိရှုရိပြည်နယ်မှစစ်သားတို့ကို ခေါ်ယူကာ ဇောဘပြည်မှဟာဒဒေဇာမင်း တပ်မတော်တပ်မှူးရှောဗက်၏လက်အောက် တွင်ထားရှိကြ၏။-