ဣသရေလအမျိုးသားတို့၏လက်တွင် အ ရေးရှုံးနိမ့်ခဲ့ကြောင်းရှုရိပြည်သားတို့သိ ရှိကြသောအခါ မိမိတို့၏တပ်အပေါင်း တို့အားတစ်ဖန်စုရုံးစေကြ၏။-
ဤသို့ရှုရိပြည်သားတို့ဆုတ်ပြေးကြသည် ကိုအမ္မုန်ပြည်သားတို့မြင်သောအခါ အဘိ ရှဲထံမှထွက်ပြေးကာမြို့ထဲသို့ပြန်၍ဝင် သွားကြ၏။ ထိုအခါယွာဘသည်အမ္မုန်ပြည် သားနှင့်တိုက်ပွဲမှတပ်ခေါက်၍ယေရုရှလင် မြို့သို့ပြန်လေ၏။
ဟာဒဒေဇာမင်းသည်ဥဖရတ်မြစ်အရှေ့ ဘက်ရှိရှုရိပြည်သားတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ဟာဒဒေဇာမင်း၏ဗိုလ်ချုပ် ရှောဗက်ကွပ်ကဲလျက်ဟေလံမြို့သို့ရောက် ရှိလာလေသည်။-
ထိုနောက်ရဟောဘ၏သားဇောဘဘုရင် ဟာဒဒေဇာသည် အထက်ဥဖရတ်မြစ် အနီးရှိနယ်မြေကိုပြန်လည်သိမ်းပိုက် ရန်သွားတိုက်စဉ်ဒါဝိဒ်သည်သူ့အား နှိမ်နင်းတော်မူ၍၊-
တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
ပြင်းထန်စွာတောက်လောင်နေသောမီးကိုငြိမ်း သတ်ခဲ့ကြ၏။ ဋ္ဌားဘေးမှလွတ်မြောက်ခဲ့ကြ၏။ သူတို့သည်ခွန်အားနည်းသူများဖြစ်သော်လည်း ခွန်အားကြီးလာကြ၏။ စစ်ရေး၌စွမ်းရည်သတ္တိ ရှိလျက်တိုင်းတစ်ပါးမှတပ်များကိုဖြိုခွင်း ကြ၏။-
ဟာဇော်မင်းယာဘိန်သည်ဣသရေလ အမျိုးသားတို့၏စစ်အောင်ပွဲသတင်းကို ကြားရသောအခါ သူသည်မိမိနှင့်မဟာ မိတ်မင်းများဖြစ်ကြသောမာဒုန်မင်း ယောဗပ်၊ ရှိမြုန်မင်းနှင့်အာခရှပ်မင်းတို့ ထံသို့လည်းကောင်း၊-
ထိုမင်းတို့သည်စုပေါင်း၍ဣသရေလ အမျိုးသားတို့ကို တိုက်ခိုက်ရန်မေရုံ ချောင်းတွင်စခန်းချကြလေသည်။